MESL ပွဲကိုအနိုင်ရပေမယ့် ဆီးဂိမ်းမသွားရတော့မယ့် Burmese Ghouls AoV အသင်း

1 year ago 0 Comments 179 views

[Unicode]

MESL ပွဲကိုအနိုင်ရပေမယ့် ဆီးဂိမ်းမသွားရတော့မယ့် Burmese Ghouls AoV အသင်း

 

လာမယ့် ဖိလစ်ပိုင် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှဆီးဂိမ်းပြိုင်ပွဲဟာ ဒေသတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် အိုလံပစ်ပြိုင်ပွဲကို Esports အမျိုးအစား ထည့်သွင်းယှဉ်ပြိုင်လာမယ့် ပြိုင်ပွဲဖြစ်ရုံသာမက Esports ကို ရွှေတံဆိပ်ခြောက်ခုထိ ပေးအပ်သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ စေလွှတ်ဖို့ရည်ရွယ်ချက်နဲ့ ဆိုပြီး ကျင်းပခဲ့တဲ့ MESL: Road to SEAGAMES ပြိုင်ပွဲမှာတော့ MOBA ဂိမ်းတွေဖြစ်တဲ့ Dota 2 (PC), MLBB (Mobile) နဲ့ Arena of Valor (Mobile) ဆိုပြီး ကစားနည်းသုံးမျိုးကိုသာ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ပြီး Dota 2 အတွက် Reckoning Esports (ယခု Team Cyanide), MLBB အတွက် Team Cyanide နဲ့ AoV (Aren of Valor) အတွက် Burmese Ghouls တို့က အနိုင်ရရှိခဲ့ပါတယ်။

ယနေ့မှာတော့ MESL ရဲ့တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြချက်အရ “ကစားသမားအင်အား၊ ပရိသတ်အင်အား အများဆုံးနှင့် နိုင်ခြေအမြင့်မားဆုံးဖြစ်တဲ့” Dota 2 နဲ့ MLBB ဂိမ်းတွေကိုသာ ကိုယ်စားပြုအသင်းတွေ စေလွှတ်ယှဉ်ပြိုင်စေမှာဖြစ်တယ်လို့ MESL မှ ဆုံးဖြတ်ခဲ့ကြောင်း ကြေငြာချက်တက်လာခဲ့ပါတယ်။

Burmese Ghouls အသင်းရဲ့ တရားဝင် Facebook စာမျက်နှာမှာတော့ အခုလို AoV အသင်းကို သွားရောက်ယှဉ်ပြိုင်ရန် စေလွှတ်ဖို့ ပယ်ဖျက်လိုက်တာကို Burmese Ghouls Org ထံသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အခုလို MESL တာဝန်ရှိသူတွေက ကြေညာလာမှသာ သိခဲ့ရကြောင်း ရေးသားဖော်ပြလာခဲ့တာကို တွေ့ရပါတယ်။

Zawgyi ~ဒီကနေ့မှာ မမျှော်လင့်ပဲ ထွက်ပေါ်လာတဲ့ သတင်းအရ ကျွန်တော်တို့ Burmese Ghouls ကို ချစ်ခင်စွာ အားပေးကြတဲ့…

Posted by Burmese Ghouls on Monday, 28 October 2019

ရည်ညွှန်း – MESL FB Page, Burmese Ghouls FB Page


[Zawgyi]


 





Zawgyi ~ဒီကနေ့မှာ မမျှော်လင့်ပဲ ထွက်ပေါ်လာတဲ့ သတင်းအရ ကျွန်တော်တို့ Burmese Ghouls ကို ချစ်ခင်စွာ အားပေးကြတဲ့…

Posted by Burmese Ghouls on Monday, 28 October 2019


Source From:http://www.gamingnoodle.com/bg-aov-was-not-allowed-to-compete-in-seagaames-esports/

Comment

Leave a Reply

Your email address will not be published. Required fields are marked *


Aplikasi UP Station
telah tersedia sekarang
Buka Artikel
Download Aplikasi